StarTracker_logo

 StarTracker 

The cutting edge fleet management platform

Fleet Management Solution

Own Tracking Platform

Star Tracker သည် ကိုယ်ပိုင်နည်းပညာ၊ ကိုယ်ပိုင်မြေပုံ၊ ကိုယ်ပိုင် Platform သုံးထားပြီး နိုင်ငံခြားမှဝယ်ယူလာသည်များကို တဆင့်ပြန်လည် ရောင်းချခြင်းမျိုး မဟုတ်သောကြောင့် အကြောင်းတစ်စုံတစ်ရာရှိပါက အချိန်နှင့်တပြေးညီ ဖြေရှင်းပေးနိုင်ပြီး သုံးစွဲသူများ၏ လိုအပ်ချက်ကို လိုက်၍ လုပ်ဆောင်ချက်အသစ်များဖြည့်စွက်နိုင်ခြင်း၊ Update များ ဆက်လက် ထည့်သွင်းနိုင်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

Live Supervision

မိမိကားရောက်နေသောနေရာကို Real Time ကြည့်ရှုနိုင်ပြီး သွားရမယ့်အချိန် တွင် သွားရမယ့်နေရာ ကို အချိန်မီ ရောက်မရောက် ကိုသိနိုင်ပါတယ်။ မိမိရဲ့ကားများ၊ ကားပေါ်ရှိ ဝန်ထမ်းများ၊ ကုန်ပစ္စည်းများ မျက်စိရှေ့တွေ ရှိနေသကဲ့သို့ လုံခြုံစိတ်ချမှု ရရှိနိုင်ပါတယ်။ အလုပ်နှင့်မသက်ဆိုင်သော လမ်းကြောင်းများ ရှိမရှိသိနိုင်လို့ မလိုအပ်တဲ့ကုန်ကျစားရိတ်တွေကို လျှော့ချနိုင်ပါတယ်။

Event Creation

StarTracker တွင် event များကိုလည်း သတ်မှတ်ထားနိုင်ပါတယ်။ Geofence ကဲ့သို့ နယ်နိမိတ်များသတ်မှတ်နိုင်ခြင်း၊ Speed ကိုသတ်မှတ်နိုင်ခြင်း၊ Odometer ကဲ့သို့ စက်ဆီ၊အင်ဂျင်ဆီ၊အင်ဂျင်ဝိုင် များ လဲရမယ့် Kilo ကိုသတ်မှတ်နိုင်ခြင်း အပြင် ကားမောင်းနှင်မယ့် Time ကိုလည်း သတ်မှတ်ထားနိုင်ပါတယ်။Event များရဲ့ သတ်မှတ်ချက်တွေကို ကျော်သွားခဲ့ရင် ချက်ချင်း Notification ရရှိနိုင်ပါတယ်။

Longterm Services

StarTracker သည် ပြည်တွင်းလုပ်ငန်း ဖြစ်တာကြောင့် ရေရှည်ဝန်ဆောင်မှု ပေးနိုင်တဲ့ အပြင် လိုအပ်တာတွေကိုလည်း တိုက်ရိုက်ညှိနှိုင်းနိုင်ပါတယ်။ အခြား Tracker တွင်မှာ မရနိုင်တဲ့ Unique Features များ၊ ရေရှည်ထောက်ပံ့ပေးမယ့် ဝန်ဆောင်မှုများနဲ့ နည်းပညာရော လုပ်ငန်းပါ အခိုင်အမာရှိတဲ့အတွက် ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ပါတယ်။

Event Creation

Geofence

မိမိကား သွားရောက်မယ့် နယ်နိမိတ်များကို ကြိုတင်ပြီး သတ်မှတ်ထားနိုင်ပါတယ်။ ဥပမာအနေနဲ့ ရန်ကုန်မြို့ကို နယ်နိမတ် သတ်မှတ်ထားမယ်ဆိုရင် မြို့ထဲဝင်တာ၊ထွက်တာနဲ့ Notification ရမှာဖြစ်ပါတယ်။

Speed

ကားရဲ့ အမြန်နှုန်းကိုလည်း သတ်မှတ်ထားနိုင်ပါတယ်။ Maximum speed 70kmph လို့သတ်မှတ်ထားခဲ့မယ်ဆိုရင် Limit ကိုကျော်လွန်တာနဲ့ Notification ကို ရရှိမှာဖြစ်ပါတယ်။

Odometer

ကားထဲမှ စက်ဆီ၊အင်ဂျင်ဆီ၊အင်ဂျင်ဝိုင်ဆီ များလဲရမယ့် kilometer ကိုသတ်မှတ်ထားပြီး ကျော်သွားပါက Notification ရရှိမှာဖြစ်ပါတယ်။

Time

မိမိကားကို မောင်းနှင်စေချင်တဲ့ အချိန်ကိုလည်း သတ်မှတ်ထားနိုင်ပါတယ်။ ဘယ်အချိန်တွင် ကားစက်စနှိုးပြီး၊ ဘယ်အချိန်တွင် ကားစက်ရပ်လည်းဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။

Reports

Distance (One)

StarTracker တွင် ကားတစ်စီးချင်းစီ သွားခဲ့တဲ့ Distance (အကွာအဝေး)၊ Max Speed (အမြင့်ဆုံးမောင်းခဲ့တဲ့ အရှိန်)၊ Start (ကားစထွက်တဲ့အချိန်)၊ End ( နောက်ဆုံးကားစက်ရပ်လိုက်တဲ့ အချိန်) တို့ကို တစ်ရက်ချင်းစီ အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။ ကားတစ်စီးချင်းစီ သွားခဲ့တဲ့ အချိန်ကာလအပိုင်းအခြား တွေကို နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။

Distance (All)

ကားအားလုံး သွားခဲ့တဲ့ Distance (အကွာအဝေး)၊ Max Speed (အမြင့်ဆုံးမောင်းခဲ့တဲ့ အရှိန်)၊ Start (ကားစထွက်တဲ့အချိန်)၊ End ( နောက်ဆုံးကားစက်ရပ်လိုက်တဲ့အချိန်) တွေကို နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။ ကားတိုင်းရဲ့ အချိန်ကာလ အပိုင်းအခြားတစ်ခု အတွင်း သွားထားသော ခရီးအကွာအဝေး စုစုပေါင်းကိုလည်း နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။

Engine On/Off

ကားတစ်စီးချင်းစီ ရဲ့ တစ်နေ့တာ ကားစက်နှိုးခြင်း၊ စက်ရပ်ခြင်းစီတိုင်းကို အချိန်၊နေရာများနဲ့တကွ အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။ နေရာတွေကိုပြရာတွင်လည်း Latitude, Longitude ဂဏန်းများကို ဖော်ပြခြင်းမဟုတ်ဘဲ လမ်းနံမည်၊ မြို့နံမည် တွေကိုသာ အတိအကျဖော်ပြ ပေးထားပါတယ်။ လမ်းကြောင်းတစ်ခုချင်းစီတိုင်းကိုလည်း မြေပုံပေါ်မှာ တစ်ခါတည်းကြည့်ရှုနိုင်အောင် လုပ်ပေးထားပါတယ်။

အခုပဲမှာယူလိုက်ပါ

အွန်လိုင်းကပဲမှာမှာ  ဖုန်းနံပါတ် 09 400900797 ကိုဆက်ပြီးပဲမှာမှာ ဒီနေ့မှာ နက်ဖြန်ရောက် ဝန်ဆောင်မှုရှိပါတယ်။ ပို့ဆောင်ခ အခမဲ့ပါ။