
PolarStar X
Myanmar’s only turn-by-turn, voice-guided,
3D navigation system
မြန်မာတစ်နိုင်ငံလုံး၏ မြေပုံများ
PolarStar X မှာ မြန်မာနိုင်ငံတစ်ခုလုံးရဲ့ မြေပုံတွေပါဝင်တဲ့အပြင် အဓိကမြို့ကြီးများရဲ့ သေးစိတ်မြေပုံများကို 3D နဲ့ပါဝင်ပါတယ်။ လမ်းအမည်တွေကို မြန်မာလိုရှာလို့ရ့ပြီး၊ စားသောက်ဆိုင်၊ ဟိုတယ်၊ ဆေးရုံ၊ ဆီဆိုင် စတဲ့နေရာတွေကိုလဲရှာဖွေနိုင်ပါတယ်။
Professional DVR

145˚ Wide Angle
PolarStar X မှာပါတဲ့ DVR Camera က Wide Angel ကို 145˚ အထိမြင်ရတာမို့ သင့်ကားရဲ့ ဘယ်ဖက်ထောင့်ကနေ ညာဖက်ထောင့်၊ မိုးကုတ်စက်ဝိုင်းကနေ မြေကြီးအထိ (တခါတလေ car dashboard အထိ) မြင်ကွင်းအားလုံးကို ရိုက်ကူးသိမ်းဆည်းထားနိုင်ပါတယ်။
170mm Lens
Car DVR တစ်ခုအတွက်ရေးအကြီးဆုံးက နေ့ရောညပါ ကြည်လင်ပြတ်သားတဲ့ တဲ့မြင်ကွင်းတွေကိုသိမ်းဆည်းထားနိုင်ဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့် PolarStar X မွာ 170mm အကျယ်ရှိတဲ့ Professional DVR Lens နဲ့ sensor ကိုတပ်ဆင်ထားပါတယ်။
World Class Navigation
Intelligent Routing
PolarStar X ကသင်သွားချင်တဲ့နေရာတွေကိုရွေးလိုက်တာနဲ့ ဘယ်လမ်းကသွားရမယ်ကို ကွန်ပျူတာကတွက်ပေးပါတယ်။ တွက်တဲ့နေရာမှာ အရင်ခေတ်က GPS တွေလိုမဟုတ်ပဲ မြန်မာပြည်ရဲ့အနေတထားကိုပါ ထည့်စဉ်းစားပြီးတွက်ပေးနိုင်ပါတယ်။ ဥပမာ လမ်းဆုံတွေကို လမ်းမကြီးဆိုရင်ပိုကြာမယ်၊ မီးပွိုင့်ရှိတာနဲ့မရှိတာနဲ့ကွာမှာရယ် ညာကွေ့တာက ဘယ်ကွေ့တာလို့မီးဝါစောင့်စရာမလိုလို့ ပိုမြန်နိုင်တယ် စတာတွေကိုပါထည့်စဉ်းစားပေးတဲ့ အသိဉာဏ်ရှိတဲ့ စနစ်ဖြစ်ပါတယ်။
Turn-byTurn
ကိုယ်သွားချင်တဲ့နေရာကို သတ်မှတ်ပြီးသွားလို့ မြေပုံပေါ်မှာ သွားရမယ့်လမ်းကြောင်းအစိမ်းလေးပေါ်လာပြီဆိုရင်တော့ ရောက်နေတဲ့နေရာကနေစပြီး အဲ့ဒီလမ်းကြောင်းအစိမ်းလေးအတိုင်း ကွေ့စရာရှိရင်ဖြစ်ဖြစ် လမ်းဆုံရှိရင်ဖြစ်ဖြစ် တစ်ဆင့်ချင်းစီကိူ (turn-by-turn) လိုက်လံလမ်းညွှန်ပေးသွားမျာဖြစ်ပါတယ်။ လမ်းကြောင်းအတိုင်းမသွားမိလို့ဖြစ်ဖြစ် ကိုယ်ကပိုမြန်တဲ့လမ်းကိုသိလို့ပဲဖြစ်ဖြစ် စိတ်ပူစရာမလိုပါဘူး၊ intelligent routing ကသူ့အလိုလျောက် လမ်းကိုပြန်လည်တွက်ချက်ပေးပါတယ်။
Voice Guidance
ကွေ့ရမှာပဲဖြစ်ဖြစ် တည့်တည့်သွားရမှာပဲဖြစ်ဖြစ် မြန်မာလိုရော အင်္ဂလိပ်လိုပါ အသံနဲ့လမ်းညွှန်ပေးပါတယ်။ ကားလမ်းတွေအရမ်းရှုတ်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ အမြန်နှုန်းမြင့်မြင့်နဲ့သွားနေတဲ့အချိန်မှာပဲဖြစ်ဖြစ် GPS screen ကိုလှမ်းကြည့်တာမျိုး၊ လက်နဲ့တို့တာမျိုးလုပ်တာက ယာဉ်အန္တရယ်ဖြစ်နိုင်တာကြောင့် အသံကိုနားထောင်တာနဲ့ လိုရာခရီးသွားဖို့က မရှိမဖြစ် စွမ်းဆောင်ရည်တစ်ခုပဲဖြစ်ပါတယ်။
Split Screen
မြို့တွင်းမှာဆိုရင်တော့ 3D View နဲ့အသုံးပြုရတာအကောင်းဆုံးဆိုပေမယ် တမြို့ကနေတစ်မြို့ ခရီးရှည်သွားလာချင်ရင်တော့ 3D View သက်သက်ဆိုလမ်းမကြီးတစ်လမ်းထဲပေါ်တာကြောင့် 2D View ကိိုပြောင်းပြီး zoom ချုံ့ကြည့်လေ့ရှိကြပါတယ်။ PolarStar X မှာတော့ မြို့ထဲကထွက်လိုက်တာနဲ့ သင်သွားနေတဲ့ highway လမ်းမှာ အကွေ့တွေ တံတားတွေကို 3D View နဲ့ပြပေးပြီး ကျန်တဲ့တခြမ်းမှာ မြန်မာနိုင်ငံမြေပုံနဲ့ မြို့တွေရဲ့တည်နေရာကို 2D View နဲ့ပြပေးနိုင်ပါတယ်။
Multimedia Ready
Music
PolarStar X တပ်ထားရင် Music Player ပါတာကြောင့် အသင့်ပါတဲ့ SD Card ထဲကိုဖြစ်ဖြစ်၊ PolarStarX ရဲ့ built-in memory ထဲကိုဖြစ်ဖြစ် သီချင်းတွေကူးထည့်ပြီးဖွင့်လို့ရပါတယ်။
Video
PolarStar X မှာ အခုနာမည်အကြီးဆုံး MX Video Player ကို built-in ထည့်ထားပေးတဲ့အတွက် ကြိုက်တဲ့ video format ကို စက်ထဲထည့်ပြီးဖွင့်ကြည့်လို့ရပါတယ်။
PolarStar Link App

Search Everything
သင်သွားချင်တဲ့နေရာတွေ PolarStar မှာ မပါမှာမစိုးရိမ်ရတော့ပါဘူး။ PolarStar Link App ကနေ Facebook Checkin နေရာတွေ၊ Google Place တွေ၊ Open Street Map တွေကို ရှာဖွေနိုင်ပြီး PolarStar ကို လမ်းကြောင်းလှမ်းဆွဲခိုင်းလို့ရပါတယ်။ ဒါအပြင် သင့်ရဲ့ဖုန်းကို ပို့လိုက်တဲ့ Shared Place တွေ ကိုလဲ တိုက်ရိုက်ဖွင့်ပြီး PolarStar ဆီကိုလှမ်းပို့ပေးနိုင်ပါတယ်။
Specifications

- OS: Android 4.4.2
- CPU: MTK8127 1.3Ghz Quad Core
- GPU: Mali 450
- Screen: 7″ 800×432 Anti-glare Capacitive Touchscreen
- Memory: 512Mb DDR3
- Internal Storage: 8Gb or 16Gb (AVIN Model)
- SD Storage: 16Gb (or) 32Gb (not user upgradeable)
- Camera: 145˚ Wide, 170mm Lens, 1080 FHD
- FM Transmitter
- WIFI: a/b/g/n
- Bluetooth: 4.0 LE
- Accelerometer
- GNSS: 3D GPS
- Battery: 800mAh