PolarStar X 

Myanmar’s only turn-by-turn, voice-guided,
3D navigation system

World Class Navigation

Intelligent Routing

PolarStar X ကသင်သွားချင်တဲ့နေရာတွေကိုရွေးလိုက်တာနဲ့ ဘယ်လမ်းကသွားရမယ်ကို ကွန်ပျူတာကတွက်ပေးပါတယ်။ တွက်တဲ့နေရာမှာ အရင်ခေတ်က GPS တွေလိုမဟုတ်ပဲ မြန်မာပြည်ရဲ့အနေတထားကိုပါ ထည့်စဉ်းစားပြီးတွက်ပေးနိုင်ပါတယ်။ ဥပမာ လမ်းဆုံတွေကို လမ်းမကြီးဆိုရင်ပိုကြာမယ်၊ မီးပွိုင့်ရှိတာနဲ့မရှိတာနဲ့ကွာမှာရယ် ညာကွေ့တာက ဘယ်ကွေ့တာလို့မီးဝါစောင့်စရာမလိုလို့  ပိုမြန်နိုင်တယ် စတာတွေကိုပါထည့်စဉ်းစားပေးတဲ့ အသိဉာဏ်ရှိတဲ့ စနစ်ဖြစ်ပါတယ်။

Turn-byTurn

ကိုယ်သွားချင်တဲ့နေရာကို သတ်မှတ်ပြီးသွားလို့ မြေပုံပေါ်မှာ သွားရမယ့်လမ်းကြောင်းအစိမ်းလေးပေါ်လာပြီဆိုရင်တော့ ရောက်နေတဲ့နေရာကနေစပြီး အဲ့ဒီလမ်းကြောင်းအစိမ်းလေးအတိုင်း ကွေ့စရာရှိရင်ဖြစ်ဖြစ် လမ်းဆုံရှိရင်ဖြစ်ဖြစ် တစ်ဆင့်ချင်းစီကိူ (turn-by-turn) လိုက်လံလမ်းညွှန်ပေးသွားမျာဖြစ်ပါတယ်။ လမ်းကြောင်းအတိုင်းမသွားမိလို့ဖြစ်ဖြစ် ကိုယ်ကပိုမြန်တဲ့လမ်းကိုသိလို့ပဲဖြစ်ဖြစ် စိတ်ပူစရာမလိုပါဘူး၊ intelligent routing ကသူ့အလိုလျောက် လမ်းကိုပြန်လည်တွက်ချက်ပေးပါတယ်။

Voice Guidance

ကွေ့ရမှာပဲဖြစ်ဖြစ် တည့်တည့်သွားရမှာပဲဖြစ်ဖြစ် မြန်မာလိုရော အင်္ဂလိပ်လိုပါ အသံနဲ့လမ်းညွှန်ပေးပါတယ်။ ကားလမ်းတွေအရမ်းရှုတ်နေတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ အမြန်နှုန်းမြင့်မြင့်နဲ့သွားနေတဲ့အချိန်မှာပဲဖြစ်ဖြစ် GPS screen ကိုလှမ်းကြည့်တာမျိုး၊ လက်နဲ့တို့တာမျိုးလုပ်တာက ယာဉ်အန္တရယ်ဖြစ်နိုင်တာကြောင့် အသံကိုနားထောင်တာနဲ့ လိုရာခရီးသွားဖို့က မရှိမဖြစ် စွမ်းဆောင်ရည်တစ်ခုပဲဖြစ်ပါတယ်။

Split Screen

မြို့တွင်းမှာဆိုရင်တော့ 3D View နဲ့အသုံးပြုရတာအကောင်းဆုံးဆိုပေမယ် တမြို့ကနေတစ်မြို့ ခရီးရှည်သွားလာချင်ရင်တော့ 3D View သက်သက်ဆိုလမ်းမကြီးတစ်လမ်းထဲပေါ်တာကြောင့် 2D View ကိိုပြောင်းပြီး zoom ချုံ့ကြည့်လေ့ရှိကြပါတယ်။ PolarStar X မှာတော့ မြို့ထဲကထွက်လိုက်တာနဲ့ သင်သွားနေတဲ့ highway လမ်းမှာ အကွေ့တွေ တံတားတွေကို 3D View နဲ့ပြပေးပြီး ကျန်တဲ့တခြမ်းမှာ မြန်မာနိုင်ငံမြေပုံနဲ့ မြို့တွေရဲ့တည်နေရာကို 2D View နဲ့ပြပေးနိုင်ပါတယ်။

Multimedia Ready

Android

PolarStar X ရဲ့နောက်ကွယ်က Operating System က Android ဖြစ်တာကြောင့် Android စနစ်မှာသုံးလို့ရသမျှအကုန်အသုံးချနိုင်ပါတယ်။ ဂိမ်းတွေကစားမလား၊ အသုံးဝင်တဲ့ app တွေသုံးမလား၊ car diagnosis လုပ်တဲ့ app တွေသုံးမလား၊ အကုန်ရနိုင်ပါတယ်။

Music

PolarStar X တပ်ထားရင် Music Player ပါတာကြောင့် အသင့်ပါတဲ့ SD Card ထဲကိုဖြစ်ဖြစ်၊ PolarStarX ရဲ့ built-in memory ထဲကိုဖြစ်ဖြစ် သီချင်းတွေကူးထည့်ပြီးဖွင့်လို့ရပါတယ်။

Video

PolarStar X မှာ အခုနာမည်အကြီးဆုံး MX Video Player ကို built-in ထည့်ထားပေးတဲ့အတွက် ကြိုက်တဲ့ video format ကို စက်ထဲထည့်ပြီးဖွင့်ကြည့်လို့ရပါတယ်။

FM Transmitter

သီချင်းတွေ၊ ဗွီဒီယိုတွေဖွင့်ရင် အသံထွက်ကောင်းဖို့အတွက် PolarStar X ရဲ့ FM Transmitter ကိုဖွင့်ပြီး သင့်ရဲ့ကားရေဒီယိုကနေ ပြန်ဖမ်းပြီးဖွင့်လို့ရပါတယ်။ ကြိုးတွေအများကြီးသွယ်စရာမလိုပဲ ကားထဲကအသံစနစ်နဲ့ ကောင်းကောင်းနားထောင်လို့ရတာပေါ့။

အခုပဲမှာယူလိုက်ပါ

အွန်လိုင်းကပဲမှာမှာ  ဖုန်းနံပါတ် 09 505 4013 ကိုဆက်ပြီးပဲမှာမှာ ဒီနေ့မှာ နက်ဖြန်ရောက် ဝန်ဆောင်မှုရှိပါတယ်။ ပို့ဆောင်ခ အခမဲ့ပါ။